Thursday, March 27, 2014

Donation in March 2014 လှူခံထိုက်စေ

• ပြည်တွင်းမှာ အသိဆရာဝန်တွေ အများအကျိုးသယ်ပိုးနေကြတဲ့သတင်းတွေ ဖတ်ရတယ်။ ကုသိုလ်ဖြစ် ဆေးခန်းတွေ ထိုင်ပေးကြတယ်။ ကာကွယ်ဆေး အခမဲ့လိုက်လံထိုးနှံပေးနေကြတယ်၊ စတာတွေ။
• ရင်းနှီးသူတွေထဲမှာ ဘုန်းကြီးထဲကဆိုရင် ဆရာတော်ဦးလှတော၊ အမျိုးထဲကဆိုရင် ဒေါက်တာမောင်ဝင်း၊ သူငယ်ချင်းထဲကဆိုရင် ဒေါက်တာလှလှမြင့် (သူကပြေတာကတော့ အလှူခံတော်တာ ဒေါ်ခင်စောဦးပါတဲ့)။ သူတို့တတွေက အလှူခံတော်တဲ့သူတွေ။ အားကိုးထိုက်သူတွေ။ ‘မာတင်္ဂမှော်’ အောင်ကြတယ်။
• အခုရက်ပိုင်းလေးအတွင်းမှာ ကျွန်တော့်ဆေးခန်းလေးအတွက် ပြည်တွင်းက နှစ်ဦးနဲ့ တခြားနိုင်ငံမှာနေတဲ့ မြန်မာနိုင်ငံသား စုံတွဲတခုတို့ကနေ အလှူငွေ လှမ်းပို့ကြပါတယ်။ - ဒေါ်မျိုးအေး၊ မန္တလေး၊ US$ 1,000/- - ဦးခင်မောင်သန်း၊ စန်းချောင်း၊ US$ 100/- - ကိုသိန်းထိုက် + မခိုင်မီမီလွင် (ဆစ်ဒနီ၊ သြစတြေးလျ)၊ 1,0032.34 Indian Rupee
• ဒိအရင်ကလဲ ပြည်တွင်းကနေလှူသူတွေ ရှိပါသေးတယ်။
• အားလုံးကို အများကြီးကျေးဇူးတင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၃-၂ဝ၁၄

No comments:

Post a Comment