Sunday, November 17, 2013

မွေးလူနာနံပါတ် ၃၂၇

• ၁၇-၁၁-၂ဝ၁၃ နေ့ညက မွေးပေးရတဲ့ ကလေးနံပါတ် ၃၂၇ ရဲ့ မိဘတွေက ‘ချင်း’ ပေမဲ့ တိတိကျကျ (ဖလမ်း၊ ဟားခါး၊ တီးတိန်၊ မတူပီ၊ မီဇိုး) ဘာချင်းလဲ မမေးမိပါ။
• အလေးချိန်၊ စာရင်းသွင်း၊ ကာကွယ်ဆေးတွေထိုးပြီး၊ ဓါတ်ပုံရိုက်ဘို့ ဆရာဝန်ကဘဲ ကလေးအနှီးကို ကျစ်ကျစ်လစ်လစ် ဖြစ်အောက် ပြန်ပတ်ပေးတော့မှ ကလေးကိုပြုစုပေးတဲ့ဆရာမ အပြောအတိုင်း ယောက်ျားလေးလို့ စာရင်းသွင်းမိတာကို ပြန်ပြင်လိုက်ရတယ်။
• လူနာစောင့်တွေကတော့ ကလေးထွက်ထွက်ခြင်း ဝမ်းသာအားရ အထီး-အမ အော်ပြောကြတာတော့ရှိပေမဲ့ ဆရာဝန်ရော၊ ဆရာမတွေ (ကူကီး၊ တီးတိန်) ပါ နားမလည်ကြပါ။
• ဆေးခန်းအကူ ဆရာမကလဲ ၂ ယောက်တည်းသာလာနိုင်လို့ သူတို့ခမြာမှာ တယောက်က ကလေး၊ တယောက်က မအေကို လုပ်ကိုင်ပေးကြရတယ်။
• ဇာတ်စုံခင်းနေတဲ့ အကြောင်းရင်းကတော့ -
- “ဆရာဝန်-ဆရာမတို့မည်သည် ဘာလူမျိုးကို ဆေးကုပေးနေသလဲ ခေါင်းထဲမထားရပါ။”
- “မွေးလာတာကိုလဲ လိင်ခွဲခြားမှု မပြုပါ” ဆိုတာကို ပြောချင်လို့ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂ဝ၁၃

No comments:

Post a Comment