Tuesday, June 19, 2012

19-6-2012 Medical students from Self-administered Division and Zones

၁၉-၆-၂ဝ၁၂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေက တိုင်းရင်းသားများ ဆေးတက္ကသိုလ်ဝင်ခွင့်ရမည်

DVB နန်းမြနဒီ
ဝေးလံခေါင်ဖျားပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းရင်းသား ဒေသတွမှာ ဒေသခံ ဆရာဝန်တွေ ပေါ်ထွန်းလာစေဖို့အတွက် အမှတ်မီစရာမလိုဘဲ ဆေးတက္ကသိုလ် တက်ခွင့်ရမယ့် ပညာရေး အစီအစဉ်သစ် တခုကို ဆေးသိပ္ပံပညာဦးစီးဌာနက စတင်လိုက်ပါတယ်။

ဒီအစီအစဉ်အရ ခက်ခဲဒေသလို့ အစိုးရက သတ်မှတ်ထားတဲ့ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပေလာင်၊ ဝ၊ ကိုးကန့် နဲ့ ကိုကိုးကျွန်း အပါအဝင် မြို့နယ် ၈၇ ခုက အထက်တန်း ကျောင်းတွေကေန ဒီနှစ် ဆယ်တန်းအောင်တဲ့ ကျောင်းသူကျောင်းသားတွေ အနေနဲ့ ခါတိုင်းနှစ် ဆေးတက္ကသိုလ် ဝင်ခွင့် သတ်မှတ်ထားတဲ့ ရမှတ်ကို မီဖို့မလိုဘဲ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ ဝေးလံခေါင်ဖျားဒေသမှာ ဒေသခံ ဆရာဝန်တွေ ပေါ်ထွန်းလာဖို့အတွက် အထူးအေနနဲ့ စီစဉ်လိုက်တာလို့ နေပြည်တော် ဆေးသိပ္ပံပညာ ဦးစီးဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။

“နယ်စပ်ဒေသ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ သူတို့ရဲ့တောင်းဆိုချက်ပေါ့။ အဲဒီအရ ကျမတို့က အဲဒီဒေသေတွအတွက် အထူးစဉ်းစားပြီး လုပ်ပေးတဲ့ကိစ္စပါ။ တြေပးညီပေါ့၊ ပြည်မနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသေတွ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသေတွအတွက် အထူးကိစ္စရပ် တခုအေနနဲ့ ဆောင်ရွက်ပေးပါဆိုလို့ လုပ်ရတဲ့ ကိစ္စပါ။”

ဒီအစီအစဉ်ထဲမှာ လက်ခံမယ့် ဆေးတက္ကသိုလ် ကျောင်းသူကျောင်းသား ဦးရေကိုတော့ လျှောက်လွှာ နဲ့ ဒေသပ်ါမှာ မူတည်ပြီး စဉ်းစားပေးသွားမယ်လို့ ဆိုပါတယ်။

လျှောက်လွှာပုံစံကို ဇွန် ၁၆ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာနဲ့ ရုပ်မြင်သံကြားတွေကေနလည်း ကြေညာပေးခဲ့ပြီး အေသးစိတ် အချက်အလက်တွေအတွက် နေပြည်တော်မှာ ရှိတဲ့ ဆေးသိပ္ပံပညာ ဦးစီးဌာနကိုလည်း ဆက်သွယ် မေးမြန်းနိုင်တယ်လို့ ဌာနဆိုင်ရာ တာဝန်ရှိသူက ပြောပါတယ်။ လျှောက်ထားသူတွေဟာ ခက်ခဲဒေသနဲ့ အထူး ဒေသထဲပါတဲ့ မြို့နယ်က အထက်တန်းကျောင်းမှာ ၃ နှစ် ဆက်တိုက် တက်ခဲ့သူ၊ ၂ဝ၁၂ တက္ကသိုလ် ဝင်တန်း စာမေးပွဲကို သိပ္ပံတွဲနဲ့ အောင်မြင်ခဲ့သူ၊ မြန်မာနိုင်ငံသားဖြစ်ရမှာ ဖြစ်ပြီး အဲဒီဒေသမှာ အမြဲတမ်းနေထိုင်သူ ဖြစ်ရမယ်။ ဆရာဝန်ဖြစ်ပြီးရင် အဲဒီဒေသမှာ အနည်းဆုံး ၅ နှစ် တာဝန် ထမ်းဆောင်ရမယ်။ လိုအပ်တဲ့ ထောက်ခံစာတွေနဲ့ အတူ ၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး တင်ရမယ်လို့ လျှောက်လွှာမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တခုဖြစ်တဲ့ ဝ တပ်ဖွဲ့ (ယူဒဗလျူအက်စ်အေ) ပြောခွင့်ရ ဦးအောင်မြင့်က ခုလို ပြောပါတယ်။
“ဒီဟာကတော့ ကောင်းတဲ့စဉ်းစားမှုလေးပါ။ ဘာလို့လဲဆိုတော့ ဒေသေတွက တိုင်းရင်းသားတွေက မြို့ပေါ်တွေက ကျောင်းသားတွေနဲ့ အများကြီး ကွာတာပေါ့။ သူတို့လောက် အမှတ်တွေက ရချင်မှရမှာ၊ များသောအားဖြင့် မရဘူး။ အထူးသဖြင့် ဆေးတက္ကသိုလ်၊ ဘာသာစကား သိပ်မပေါက်တဲ့ ဒီလိုဒေသေတွကို မြို့ပေါ်က ကျောင်းသားတွေ ဆရာဝန်ကြီးတွေ လာတယ်ဆိုရင် စိတ်ဓာတ်ကတော့ ကျေန်ာတို့လည်း ချီးကျူးပါတယ်။ ဒါပေမယ့် သူတို့လုပ်နိုင် ကိုင်နိုင်တဲ့ဘက်ကတော့ သူတို့က ဆေးရုံကနေလွဲလို့ ဘယ်မှမသွားဘူး၊ အဲဒီဒေသတွေဖြစ်တော့ အိမ်နဲ့ မိသားစုနဲ့ အဝေးကြီး ကွာနေတာ့လည်း ကြာလာတော့ လုပ်ငန်းတွေဘာတွေ ထိခိုက်တယ်။ လွန်ခဲ့တဲ့ နှစ် ၂ဝ က၊ အတွေ့အကြုံတွေပဲလေ။”

မြန်မာနိုင်ငံမှာ အစိုးရက ဖွင့်လှစ်ထားတဲ့ ဆေးတက္ကသိုလ်တွေကေတာ့ ရန်ကုန် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန် ဆေးတက္ကသိုလ် (၂)၊ မန္တလေးဆေးတက္ကသိုလ်၊ မကွေးဆေးတက္ကသိုလ်တွေ ဖြစ်ပြီး ၁ နှစ်ကို ဆရာဝန် ၂ဝဝဝ ဝန်းကျင် မွေးထုတ်ပေးနေတာ ဖြစ်တယ်။ ဆယ်တန်းအောင်တဲ့ ကျောင်းသူကျောင်းသားတွေထဲက အောင်မှတ် အနည်းဆုံး ၅ဝဝ ရမှ ဆေးတက္ကသိုလ် ဝင်ခွင့်ရရှိတာ ဖြစ်ပါတယ်။

မှတ်ချက်။
ကိုယ်ပိုင်အိုပ်ချုပ်ခွင့်ရ တိုင်း နှင့် ကိုယ်ပိုင်အိုပ်ချုပ်ခွင့်ရ ဒေသများ Self-Administered Division and Self-Administered Zones
၁။ ဝ ကိုယ်ပိုင်အိုပ်ချုပ်ခွင့်ရတိုင်း (Wa Self-Administered Division)
၂။ ဓနု ကိုယ်ပိုင်အိုပ်ချုပ်ခွင့်ရဒေသ (Danu Self-Administered Zone)
၃။ ကိုးကန့် ကိုယ်ပိုင်အိုပ်ချုပ်ခွင့်ရဒေသ (Kokang Self-Administered Zone)
၎။ နာဂ ကိုယ်ပိုင်အိုပ်ချုပ်ခွင့်ရဒေသ (Naga Self-Administered Zone)
၅။ ပအိုဝ် ကိုယ်ပိုင်အိုပ်ချုပ်ခွင့်ရဒေသ (Pa-O Self-Administered Zone)
၆။ ပလောင် ကိုယ်ပိုင်အိုပ်ချုပ်ခွင့်ရဒေသ (Pa Laung Self-Administered Zone)

No comments:

Post a Comment