Monday, April 16, 2012

14-4-2012 Health warning to avoid Burmese traditional powders

၁၄-၄-၂ဝ၁၂ မြန်မာ အစဉ်အလာသုံး ကလေးဆေးမှုံ့တွေ အန္တရာယ်မကင်းကြောင်း ကျန်းမာရေး သတိပေးထုတ်ပြန်ချက်

သြစတြေးလျ (နယူးဆော့သ်ဝေးလ်) ကျန်းမာရေးဌာနကနေ မြန်မာ အစဉ်အလာသုံး အစာကျေဆေးနဲ့ အားဆေးအဖြစ် သုံးနေကြတဲ့ ကလေးပေါင်ဒါတွေဟာ ကျန်းမာရေး အန္တရာယ် မကင်းတဲ့အကြောင်း လူထုကို သတိပေးချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။

အမေရီးကားက ကျန်းမာရေး ကျွမ်းကျင်သူတွေကနေ မြန်မာကလေးတွေမှာ ခဲဓါတ်တွေ ရှိသင့်တာထက် များနေတာကို သိရှိထားပါတယ်။ ဒီလိုဖြစ်နေရတာက မြန်မာ တိုင်းရင်းဆေးတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။

မကြာသေးမီက (နယူးဆော့သ်ဝေးလ်) ကျန်းမာရေးဌာနနဲ့ (နယူးဆော့သ်ဝေးလ်) အစားအသောက်အာဏာပိုင်တွေကနေ အဲဒီ မြန်မာ တိုင်းရင်းဆေးတွေကို (ဆစ်ဒနီ) မှာ လေ့လာမှုပြုခဲ့တယ်။ အလွန်အန္တရာယ်ပေးနိုင်တဲ့ (အာဆင်းနစ်) ဓါတ်တွေ ပါနေတာကို တွေ့လာရတယ်။

မြန်မာ တိုင်းရင်းဆေးတွေကို နာမည်အမျိုးမျိုးနဲ့ ရောင်းချနေတာဖြစ်ပါတယ်။ (ဆစ်ဒနီ) မြန်မာ ကုန်စုံဆိုင်တွေမှာ ရောင်းချနေပါတယ်။ မြန်မာ နဲ့ ကရင်လူမျိုးစုတွေကနေ ဝယ်ယူအသုံးပြုနေကြတယ်။

(နယူးဆော့သ်ဝေးလ်) ပတ်ဝန်းကျင် ကျန်းမာရေး ဒါရိုက်တာ ဒေါက်တာ (ဝိန်း-စမစ်) ကနေ အဲဒီ တိုင်းရင်းဆေးတွေရဲ့ အန္တရာယ်ကို သတိပေးလိုက်ပါတယ်။ ဒေါက်တာ (စမစ်) ပြောတာက “ဆက်လက်လေ့လာမှုတော့ ပြုရမှာဖြစ်ပေမဲ့ (နယူးဆော့သ်ဝေးလ်) အစားအသောက် အာဏာပိုင်တွေကနေ မြန်မာကုန်စုံဆိုင်တွေကို ဒီ မြန်မာတိုင်းရင်းဆေးတွေ မရောင်းချဘို့ မေတ္တာရပ်ခံထားပါတယ်။”

Arsenic (အာဆင်းနစ်) ကြောင့် ပျို့-အန်မယ်၊ ဝမ်းပျက်မယ်၊ နှလုံးမှာ ပြဿနာဖြစ်မယ်။ နောက်ဆုံး သတိလက်လွတ် ဖြစ်စေနိုင်တယ်။ (ဆစ်ဒနီ) မျာတွေ့ရတဲ့ ဒီဓါတ်တွေဟာ ကလေးတွေကို ဘေးထွက်-ဆိုးကျိုးမျိုး ရစေနိုင်လောက်အောင် များပါတယ်။ ကြာလာရင် အရေပြားတွေကို ဒုက္ခပေးမယ်၊ ခြေတွေ-လက်တွေထုံစေမယ်။ ကင်ဆာ မဖြစ်ဘူးမပြောနိုင်ပါ။ အခုထိတော့ ကျန်းမာရေးထိခိုက်တဲ့အထောက်အထားမရှိသေးပါ။ ဒါပေမဲ့ အခုပြောတဲ့ ရောဂါလက္ခဏာတွေ ရှိလာရင် နီးစပ်ရာ အရေးပေါ် ကျန်းမာရေးဌာနဆီလာဘို့ သင့်ပါတယ်။

No comments:

Post a Comment