Friday, February 10, 2012

6-5-2011 Daw Aung San Suu Kyi will support Yamuna Clinic

၆-၅-၂ဝ၁၁ ဒေါ်အောင်ဆန်းစုကြည်မှ အကူအညီပေးမည်။
Daw Aung San Suu Kyi will support the Yamuna Clinic
Q and A by Radio Free Asia (RFA) on 6-5-2011
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်
မတ် ၆၊ ၂၀၁၁ RFA အာရ်အက်ဖ်အေ အသံလွှင့်အစီအစဉ်

DASSK to DMMA on RFA 6-5-2011

● မေးသူ ။ ။ ဒေါ်မြမြအေး (ယမုန်နာဆေးခန်း တာဝန်ခံ)၊ (ဒေါက်တာတင့်ဆွေ၏ဇနီး - အိန္ဒိယနိုင်ငံ)

● မေးခွန်း ။ ။ ကျမက မြမြအေးပါ။ မုံရွာခရိုင်၊ ပုလဲမြို့နယ်၊ NLD ပါတီဝင်တဦးဖြစ်ပါတယ်။ အိန္ဒိယနဲ့ မြန်မာ နယ်စပ် ကတဆင့် မြန်မာနိုင်ငံသား ဒုက္ခသည်တွေ နေ့စဉ်ဝင်ရောက်လာနေကြတာ အခုဆိုလို့ရှိရင် နယူးဒေလီမှာ ဒုက္ခသည် နှစ်သောင်းကျော်နေပါပြီ။ အများစုကတော့ တိုင်းရင်းသားတွေဖြစ်ပါတယ်။ တိုင်းရင်းသူများနဲ့ ပူးတွဲပြီးတော့ ဒုက္ခသည်တွေရဲ့ကျန်းမာရေး အခက်အခဲတွေကို ဆောင်ရွက်နေရခြင်းဟာ ရေရှည်မှာတော့ NLD နဲ့ တိုင်းရင်းသားတွေရဲ့ အပြန်အလှန် ယုံကြည်လေးစားမှု ခိုင်မြဲသွားမယ်လို့ ကျမ ယုံကြည်ပြီးတော့ ဒုက္ခသည်များအတွက် ဆေးခန်းတခု ကျမတို့ ဆောင်ရွက်နေပါတယ်။ တိုင်းရင်းသူတွေဟာ စေတနာ့ဝန်ထမ်း လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ အခမဲ့ ကုသရေး လုပ်တာ ဖြစ်ပါတယ်။ တိုင်းရင်းသူ အမျိုးသမီးတွေရဲ့ တာဝန်ယူမှုတွေဟာ ဆိုလို့ရှိရင် ကျေးဇူးတင်စရာ ကောင်းလှပါတယ်။ ကျမတို့ရဲ့တိုင်းရင်းသူတွေကို ဒေါ်စုရဲ့မေတ္တာစကားကို ကျမတို့တတွေ အများကြီး တောင့်တမိပါတယ်ရှင်။ ဒေါ်စုနဲ့တကွ ကျမတို့ရဲ့ မြန်မာပြည်သူပြည်သားတွေ ကျန်းမာချမ်းသာကြပါစေ။

● အဖြေ။ ။ ဒေါ်မြမြအေးတို့က တိုင်းရင်းသားတွေအတွက် အခမဲ့ ဆေးခန်းဖွင့်ထားတယ်ဆိုရင် ကျမရတဲ့ ဆုငွေတွေနဲ့ ထူထောင်ထားတဲ့ ကျန်းမာရေး ပညာရေး ရံပုံငွေကနေပြီးတော့ ကူညီနိုင်မယ် ထင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ရံပုံငွေ အဖွဲ့ တာဝန်ခံတွေကို ကျမ အသိပေးလိုက်ပါ့မယ်။ တိုင်းရင်းသား အမျိုးသမီးတွေကို မိမိတို့ရဲ့ကဏ္ဍက အနာဂတ် နိုင်ငံ အတွက် အနာဂတ် ပြည်ထောင်စုအတွက် ဘယ်လောက် အဓိကကျလဲဆိုတာ သိစေချင်ပါတယ်။ မြန်မာနိုင်ငံ အခြေနေတွေနဲ့ ပတ်သက်လို့ စိတ်မပျက် စိတ်မကုန်ဘဲ ကျမတို့တတွေနဲ့ လက်တွဲပြီးသွားကြပါစို့လို့ အလေးအနက် မေတ္တာရပ်ခံချင် ပါတယ်။
.............................

http://moemaka.com/index.php?option=com_content&task=view&id=8820&Itemid=1
http://yamuna-clinic-delhi.blogspot.com/

No comments:

Post a Comment