Wednesday, January 18, 2012

Burmese community representatives participated in Workshop on HIV-AIDS

20-11-08
Burmese community representatives participated in Workshop on displaced populations including refugees and related vulnerabilities to HIV-AIDS organized by Socio Legal Information Assistance centre (HRLN), UNAIDS Preparatory Assistance (to UNDP, UNHCR and ILO) at India International Centre
ဒုက္ခသည်များအနက် ၂၃ ဦးသည် HIV ပိုးတွေ့သူများဖြစ်ပြီး၊ ၄ ဦးသည် DDU ဆေးရုံတွင် ART ဆေး ကုသမှုခံယူနေကြသည်။ ကုသပေးနေသည့် ဆရာဝန် ဒေါက်တာ ကလျာနီ၏အဆိုအရ လူနာများသည် ဘာသာစကား အခက်အခဲကြောင့် ရှင်းပြချက်များကို နားမလည်နိုင်ကြသဖြင့် ဆေးပါတ်မှန်မှန်ကုသရန်နှင့် လာရောက်ပြသရန် ပျက်ကွက်ခြင်းများဖြစ်နေကြောင်း ဆွေးနွေးသွားသည်။

မြန်မာကိုယ်စားလှယ်များမှ ဒုက္ခသည်များ၏ ကျန်းမာရေး-လူမှုရေး အခက်အခဲများကို တင်ပြပြီး HIV နှင့် TB လူနာများအတွက် UNHCR မှ ထောက်ပံ့ငွေ တိုးပေးစေလိုကြောင်း၊ ကျန်းမာရေး ပညာပေးအစီအစဉ်များသို့ တက်ရောက်သူဦးရေ နည်းနေသေးကြောင်း၊ UNHCR လက်မှတ်မရသေးသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုရသင့်ကြောင်း၊ UNHCR လက်မှတ်ရရှိရေး လျင်မြန်စွာ ဆောင်ရွက်ပေးစေလိုကြောင်းစသဖြင့် တင်ပြ ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment