Tuesday, December 6, 2011

Government mulls free medicine for all အိန္ဒိယမှာ ဆေးဝါးအခမဲ့ပေးရေး လုပ်နိုင်တော့မည်

6-12-2011 Government mulls free medicine for all
အိန္ဒိယ တပြည်လုံးမှာ အစိုးရ-ဆေးရုံတွေကနေ အတွင်းလူနာတွေနဲ့ အပြင်လူနာတွေကိုပါ ဆေးဝါး အခမဲ့ပေးနိုင်ရေး စဉ်းစား-စီစဉ်နေပြီဖြစ်ပါတယ်။
လက်ရှိ အိန္ဒိယတောင်ပိုင်းက (တမီနာဒူး) ပြည်နယ်မှသာ အဲလိုလုပ်တာ ရှိပါသေးတယ်။ ရည်မှန်းတာက အထူးသဖြင့် ကျေးလက်ဒေသတွေအတွက် အနည်းဆုံးဖြည့်ဆီးပေးနိုင်ဘို့ ဖြစ်တယ်။

ဒီမဟာဗျူဟာအရ ပြည်နယ်-အစိုးရတွေကနေ လွတ်လပ်တဲ့ ဆေးထောက်ပံ့ရေး ပုဂ္ဂလိက (ကော်ပိုရေးရှင်း) တွေ ထူထောင်မယ်၊ အရည်သွေးမီတဲ့-(ဂျနဲရစ်) ဆေးတွေကို အခမဲ့ ထောက်ပံ့ပေးပါလိမ့်မယ်။ (ဂျနဲရစ်) ဆေးဆိုတာ တကယ့်မူရင်း ဆေးနာမည်အစစ်ဖြစ်ပြီး ဆေးကုမ္ပဏီတွေကနေ ရောင်းကောင်းအောင် ဆွဲဆောင်မှုရှိတဲ့နာမည်တို့ ဆေးဘူးလှတာတို့နဲ့ ထုတ်လုပ်ထားတာမျိုး မဟုတ်ဘူး။

ဗဟိုစီမံကိန်း ကော်မရှင်ကနေ ၂ဝ၁၂-၂ဝ၁၇ ငါးနှစ်စီမံကိန်းကာလအတွက် ကျန်းမာရေး အတွင်းဝန်ကနေ ဦးစီးတဲ့ ကျန်းမာရေးဏ္ဍ အလုပ်အဖွဲ့ကနေ (တမီနာဒူး) နမူနာကို ယူကြဘို့ အကြံပြုထားပါတယ်။

ပုဂ္ဂလိက ဆေးထောက်ပံ့ရေး (ကော်ပိုရေးရှင်း) တွေကနေ ဆေးဝါးထုတ်လုပ်သူတွေဆီကနေ မြင်သာထင်သာတဲ့ ဈေးပြိုင်စနစ်နဲ့ တိုက်ရိုက်ဝယ်ယူပြီး ဆောင်ရွက်တာမှာ ဆေးဈေးနှုန်းတွေဟာ လက်လီရောင်းတာထက် ၁ဝ ပုံတပုံကနေ ၁၅ ပုံတပုံ သက်သာလာတာ တွေ့ရတယ်။

ကျန်းမာရေး စောင့်ရှောက်မှုမှာ ဆေးကုန်ကျစရိတ်ဟာ ၅ဝ-၈ဝ% အထိရှိတယ်။ အစုအဖွဲ့က တွက်ဆချက်ကတော့ လူနာ ၅၂% ကို ကာမိစေမယ်။ ဒီစီမံချက်လုပ်ရင် ဘတ်ဂျက် ၂၈၆၇၅ ကုဋေ လိုအပ်ပါလိမ့်မယ်။

(ကယ်ရလာ) ပြည်နယ်ကလဲ အဲလိုလုပ်နေပြီဖြစ်ပြီး၊ (ဘီဟာ) နဲ့ (ရာဂျက်စတန်) ပြည်နယ်တွေက အစပျိုးဘို့ အဆင့်တွေထဲ ရောက်နေပါပြီ။

No comments:

Post a Comment